Wednesday, June 12, 2013

Windows 7 Personalize ပြဿနာ ဖြေရှင်းခြင်း

ကျွှန်တော်တို့ Windows 7 သုံးတဲ့အခါ အမျိုးအစားတွေ အများကြီးရှိတဲ့ အနက်မှ Windows 7 Starter တို့ Windows 7 Home Basics တို့သုံးကြတဲ့အခါ Dsktop မှာ Right Click ထောက်ကြည့်တဲ့အခါ Personalize မပါလာတာကို တွေ့ရတတ်ပါတယ်။ သာမန်အားဖြင့်ဆို Right Click ထောက်ပြီး မိမိတို့ လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရနိုင်ပါတယ်။ ဥပမာ Folder, Icons တွေမှာ မြန်မာလို Name ပေးထားပြီး မပေါ်ရင် Personalize လေးကိုနှိပ်ပြီး ပြောင်းလေ့ရှိကြပါတယ်။ အခုကျွှန်တော် ဝေမျှချင်တာကတော့ Personalize မပါတဲ့ Windows တွေမှာ Personalize မှာလုပ်လို့ရတဲ့ အရာတွေဖြစ်တဲ့ themes, background, sounds, screen saver, mouse pointer, desktop icons အစရှိတဲ့ အရာတွေကို မိမိစိတ်ကြိုက် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေပါ။ တကယ်လည်း အသုံးလိုမယ်ထင်လို့ မေးတတ်ကြလို့ လုပ်နည်းလေးတွေကို အောက်မှာ တင်ပြလိုက်ပါတယ်။ အားလုံးအဆင်ပြေမှာပါ။

လုပ်နည်းများ 

Change System Sound ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change Sound လို့ရိုက်လိုက်ပါ။ Sound နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ကျလာပါလိမ့်မယ်။ ကျလာတဲ့ အထဲကမှ Change System Sound ကို Click နှိပ်လိုက်ပါ။


 2. Click နှိပ်လို့ ကျလာတဲ့ Sound ဆိုတဲ့ Box လေးထဲကမှ မိမိပြောင်းချင်တဲ့ အသံလေးတွေကို ပြောင်းလို့ရနိုင်ပါတယ်။



Screen Saver ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change screen saver လို့ရိုက်လိုက်ပါ။ ကျလာတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Screen saver ပြောင်းနိုင်ပါတယ်။


 Color Scheme ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ။


2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box လေးထဲကမှ မိမိစိတ်ကြိုက် theme ကို ပြောင်းနိုင်ပါတယ်။



Folder name, Icons မြန်မာလို ပေါ်အောင်ပြောင်းနည်း (သို့) Windows Background ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ။


2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box ထဲကမှ Advance ကိုနှိပ်လိုက်ပါ။





 3. ထပ်ကျလာတဲ့ Windows Color and Appearance ထဲကနေ မိမိစိတ်ကြိုက် ပြောင်းနိုင်ပါတယ်။

 Desktop Icons စိတ်ကြိုက်ထားနည်း


 1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲမှ Show or Hide common icons on the desktop ကို Click လိုက်ပါ။
 

2. ကျလာတဲ့ Desktop Icon Setting ထဲကနေ မိမိစိတ်ကြိုက် Icons လေးတွေ ထားလို့ရပါတယ်။


3. Change Icon ဆိုတာလေးကို Click ပြီးတော့လည်း မိမိစိတ်ကြိုက် ပြောင်းလို့ရပါတယ်။


 Mouse Pointers ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change how the mouse pointer looks ကို Click နှိပ်လိုက်ပါ။


2. ကျလာတဲ့ Mouse Properties ဆိုတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Mouse Pointer လေးတွေ ပြောင်းနိုင်ပါတယ်။

Windows 7 ကနေ Wifi ပြန်လွှင့်နည်း






ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။win_r
ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
runbox
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
ics
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
ics_properties
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
win_r
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
runbox-cmd
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
settings-up-wifi
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
settings-up-wifi_enter
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
at-ncpa
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork
hostednetwork_started
working
Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
shared
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ics-sharing
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။

၂၄ ဘာသာကိုမြန်မာလိုပြန်နိုင်ပြီ

http://www.myordbok.com

web site မှာ ဘာသာဝင်ပြန်နိုင်ပါတယ်။ အင်္ဂလိပ်ကနေမြန်မာကို အွန်လိုင်းပေါ်မှာ ဘာသာပြန်နိုင်ပါပြီ။
မသိသေးတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါနော်။


english - Myanmar,
hebrew - Myanmar,
greek - Myanmar,  
portuguese - Myanmar,
arabic - Myanmar,
spanish - Myanmar,
norwegian - Myanmar,
swedish - Myanmar,
danish - Myanmar,
german - Myanmar,
russian - Myanmar,
japanese - Myanmar,
chinese - Myanmar,
korean - Myanmar,
malay - Myanmar,
vietnamese - Myanmar,
thai - Myanmar,
hindi - Myanmar,
romanian - Myanmar,
french - Myanmar,
finnish - Myanmar,
filipion - Myanmar,
polish - Myanmar & dutch - Myanmar.

Window 7 Password မေ့နေရင် ပြန်ချိန်းပေးမယ့်နည်း။

Window7 မှာ password မေ့နေလို့မလုပ်တတ်သူများ အောက်ပါနည်းအတိုင်းလုပ်ကြည့်လိုက်ပါ

1. ပထမဆုံး Free Download Windows Password Recovery လေးကိုဒေါင်းလိုက်ပါ။


2.  ဒေါင်းလော့လုပ်ပြီးလို့ အင်စတော လုပ်ပြီးသွားပြီဆိုရင် .... အဲဒိဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။
3CD/DVD အလွတ် ဒါမှမဟုတ် USB flash drive ကို မိမိကွန်ပျူတာနဲ့ ဆက်သွယ်ပေးထားပါ။
4. မိမိက USB flash drive နဲ့လုပ်မယ်ဆိုရင် အောက်ပါပုံအတိုင်း Burn to USB ကိုလုပ်ရ    မှာဖြစ်ပါတယ်။ 

 
ထို့နည်းတူစွာ CD/DVD နဲ့လုပ်မယ်ဆိုရင်တော့ CD/DVD အလွတ်တစ်ချပ်ထည့်ပြီး Burn to CD/DVD 
ကိုလုပ်ပေးရမှာဖြစ်ပါတယ်။ မိမိအဆင်ပြေရာကနေ burn လိုက်ပါ။



5. To set the computer to boot from CD/DVD-ROM, please refer to How to set computer to  boot from CD/DVD-ROM
To set the computer to boot from USB drive, please refer to How to set computer to boot from USB drive.

6. Select Windows 7 system you would like to reset the user password, and then Select a user you want to reset its password. Click 'Reset' button to reset the password. ဒါဆိုရင် window 7 ကို password မလိုပဲနဲ့ဝင်လို့ရသွားပါပြီ။ 


ကွန်ပျူတာတွင် လက်ကွက်ကျင့်မယ်။



ကွန်ပျူတာလက်ကွက်တွေ မြန်လာအောင်လေ့ကျင့်ပေးမယ့်ဆော့ဝဲကောင်းလေးပါ။ installလုပ်ပြီး အိမ်မှာလေ့ကျင့်လိုက်ပါ။ လိုချင်ရင်ဒီမှာဒေါင်းလော့ယူပါ။

http://downloads.ziddu.com/downloadfiles/2163841/TypingGamePortablewww.zwmnna.c om.rar