Wednesday, December 25, 2013

မိမိရဲ့ အကောင့်ကိုလုံခြုံစေရန်အချက်(10)ချက်


Online ကိုတက်လာပြီဆိုရင် အနည်းဆုံးတော့ gmail account တစ်ခု ရှိပါ့ မယ်.. အဲဒီ့ account ထဲမှာ အရေးကြီးတာတွေ လည်း ရှိနိုင်ပါတယ်.. အဲ ဒါကြောင့် ကိုယ့်ရဲ့ Account ကို လုံခြုံရေးပေါ့ .. သတိပြုရမယ့် အချက် ကလေးတွေ ကို ကျွန်တော် ပြန်ပြီးတော့ မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ ... ကိုယ့်ရဲ့ account တွေအတွက် လုံခြုံရေး အသိလေးပါ .. ဖတ်ကြည့်စေချင်ပါတယ် ..




၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန် အွန်လိုင်းမှာ တစ် ချို့သော Website တွေက လာရောက် လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင် ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့ တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာ (http://www.worldwidemyanmar.com/ ဘာကြောင့် Official Site ဖြစ်တာလဲ ? http://www.worldwidemyanmar.com/about တရားဝင်မှတ်ပုံ တင်ထားသော လုပ်ငန်းကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိ အမှတ်ပြုထားတဲ့ personal portfolio တွေနဲ့ forums တွေ။ ဒါက အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ....


၂) မှန်းဆရခက်သော password ပေးခြင်း တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။ နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။ နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal စသည့်ဖြင့်ပေးကြပါတယ်။ ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။ ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။


၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့ တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါ တယ်။   နောက်တစ်ခုက official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ် system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။


၎) Password ကိုမကြခဏပြောင်းပါ။ ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃ နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။


၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။ အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot လိုနေရာမျိုး မှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online Transaction တွေဆိုရင်လုံးဝ ကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။ အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE ဆိုရင် Tools > Internet Options > Content > AutoComplete. Uncheck option “User names and passwords on forms” and click on “Clear Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင်Clear Recent History or Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့် ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။


၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။ Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။


၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့ ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။


 ၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့် တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။ နောက်တစ်ခု က မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။


ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။ ၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့ ခြေရာကို မလွယ်တကူမ လိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE ဆိုရင် clicking Tools > Internet Options > Delete Cookies and Delete Files ၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက် သတင်းထူး များကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။ Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။


ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး မိမိတို့ရဲ့ Info ကိုခိုးတာပါ။ ဥပမာအနေနဲ့ပြောရင် ကျွန်တော့်ရဲ့ အီးလ်မေးကိုရရင် မေးလ်တစ်ခု တည်းမဟုတ်ဘူး ၄င်းထဲမှာပါတဲ့ banking/business/domain စသည် အများကြီးပါသွားပါလိမ့်မယ်။ နောက်တစ်ခုက အဆက်အနွယ်ပါ။ ကျွန်တော့် အကောင့်ကိုသိရင် ကျွန်တော်ထိန်းချူပ်ထားတဲ့ Domain နဲ့ Hosting ကိုသိ မယ်။ ကျွန်တော်ရေးတဲ့ ဖိုရမ်ကိုသိမယ် ။


၎င်းမှတစ်ဆင့် ဖိုရမ်၊ domain၊ Hosting မှ အခြားသော member တွေရဲ့ User name နဲ့ password ကိုသိသွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့ လုပ်ထုံးတစ်ခုက အကယ်၍ ဖိုရမ်တစ်ခုဝင်ရင် အဲ့ဖိုရမ်ရဲ့ မိမိအပေါ်မှာ level အနိုပ်အမြင့်ကိုကြည့်ပြီး password ကိုပေးပါတယ်။ ဆိုလိုတာက တစ်ခြား ဖိုရမ်တွေမှာ admin123 လို့ပေးနေကျဖြစ်ရင် admin or mod အနေနဲ့ ၀င်နေတဲ့ ဖိုရမ်၊ Website၊ Hosting တွေဆိုရင် ကျွန်တော် မတူတဲ့ Password ကိုပေးထားတတ်ပါတယ်။ ဒီလိုအကြောင်းတွေကြောင့် ကျွန်တော့်ရဲ့ သက်ဆိုင်သူကိုတောင် ကျွန်တော့် Password မပေးပါဘူး။ မယုံကြည်လို့ မရိုးသားလို့တော့ မဟုတ်ပါဘူး။ မိမိအကောင့်တစ်ခုတည်း မဟုတ်ပါဘူး အခြား မိမိဆက်နွယ်တဲ့သူတွေရဲ့ privacy ဆိုတာ ရှိပါသေးတယ်...

Sunday, December 8, 2013

Google မှာ I'm Feeling Lucky ဆိုတာဘာလဲ?


မြန်မာ ဘာသာ Google ထဲမှာတော့ I'm Feeling Lucky ကို ဥုံဖွလို့ ရေးသား ဖော်ပြ ထားပါတယ်။

ဥုံဖွလို့ဆိုတဲ့ အတိုင်း Google က နေရာတစ်ခုကို ချက်ချင်း ပို့လိုက်ခြင်း ဖြစ် ပါတယ်။ ဥပမာ book လို့ ရိုက်ပြီး I'm Feeling Lucky ( ဥုံဖွ ) ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ ဆိုဒ်က Wikipedia ဖြစ်ပါ တယ်။ အကြောင်း ကတော့ Wikipedia က Search Engine Optimization Ranking မှာ နံပါတ် ၁ ဖြစ်နေ လို့ ဖြစ်ပါ တယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က bookကို ရှာတဲ့ အကြိမ်က ပိုများမယ်။ Link building , back linking ကောင်းမယ် အစရှိသဖြင့်ပေါ့။


SEO ဖြစ်စေမယ့် အချက် ၅ ချက်ကြောင့် Google ရဲ့  အယ်လ်ဂိုရစ်သန်အရ စာလုံး တစ်ခုကို ရှာလိုက်ရင် Wikipedia က ထိပ်ဆုံးကို ရောက်ပြီး ဥုံဖွကို နှိပ်တဲ့အခါ ယင်းဆိုဒ်ကိုသာ တိုက်ရိုက်သွားစေခြင်း ဖြစ်ပါ တယ်။ Google က အဲဒါကို ခပ်လွယ်လွယ်ရှာ၊ အမြန်ရှာ ရှာချင်သူများအတွက် ရည်ရွယ်ပြီးတော့ ထည့် ထားပေး မယ့် Feature ဖြစ်ပါ တယ်။ သိုပေမယ့် တော်ရုံ အသုံးပြုသူ နည်းပါတယ်။ အများစုကတော့ research လုပ်ဖို့အတွက် သုံးဖြစ်ကြလိမ့်မယ်လို့ ယူဆ ရပါတယ်။

ဒီလောက်ဆိုရင် I'm Feeling Lucky ရဲ့  Definition ကို အကြမ်းဖျင်း သိပြီလို့ မျော်လင့်ပါတယ်။

Friday, July 5, 2013

တခြားအပြင်လူများ Fri Request Button မမြင်ရအောင်ဖျောက်နည်း.





 ဒါကတော့ လူတိုင်းလိုလို သိကြမှာပါ .. မသိတဲ့ သူတွေ ရှိသေးလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်...

Facebook Privacy နဲ့ပတ်သက်တဲ့ Instructions တွေ လိုက်ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်...

အခု နည်းလေးပဲ ကျွန်တော် ပြောပြပေးလိုက်ပါမယ်...

အားလုံးပဲ ကျွန်တော့် ကိုပို့စ်တင်ပါလို့ အရမ်းတိုက်တွန်းနေတဲ့ အကိုအစ်မမောင်နှမ များအားလုံးခင်ဗျာ..

အခု ကျွန်တော် (နောင်ခန့်သူ) အင်တာနက် လိုင်း အတက်အကျ ပြဿနာကြီးကို ရင်ဆိုင်နေရပါသဖြင့်..

အရင် ပြောထားတဲ့ ပို့စ်ကောင်းကောင်းလေးတွေ တင်ပေးနိုင်သေးမှာ မဟုတ်လို့ တောင်းပန်ပါတယ်...

ဒီတစ်ပတ်ကျော်သွားရင် ဒီဒုက္ခတွေ ကင်းဝေးသွားမယ်ထင်ပါတယ်...

ကဲကဲ ကျွန်တော် လေကြောရှည်နေပြီ ထင်ပါတယ်... အခုနည်းလေးကို စလိုက်ကြရအောင်ဗျာ...

အောက်မှာ ပုံလေးတွေ နဲ့ ပြပေးထားပါတယ်.... ကြည့် ပါ... မြားထိုးထားတဲ့ နေရာလေးတွေကို Click ပေးပါ..

အောက်က ပုံလေးတွေက တော့ PC သမားများအတွက်ဖြစ်ပါတယ်..


 အပေါ်မှာ ပြပေးထားတဲ့ ပုံအတိုင်း Who can contact me? ရဲ့ ဘေးနားက အောက်စိုက်နေတဲ့ မြားလေးကို

Click ပါ... အောက်က ပုံ လို မြင်ရပါလိမ့်မယ်...




ဒီနေရာရောက်ရင် Everyone ကို Click လိုက်ရင် အောက်ကလို ပေါ်လာပါလိမ့်မယ်...


အဲ့ဒီ့မှာ Friends of Friends ကိုရွေးပေးလိုက်ပါ... ကိုယ် လုံးဝ မသိတဲ့ သူတွေ ကိုယ့်ကို Add လို့ မရတော့ပါဘူး...

Monday, June 24, 2013

Google Talk Gadget

Google Talk Gadget ဆိုတာက သင့် Webpage တစ်ခုခုပေါ်မှာ Google Talk ကို Run လို့ရအောင် လုပ်ပေးနိုင်တဲ့ Script လေးပါ။ အဲဒီ Script လေးကို သင့် Website မှာပဲဖြစ်ဖြစ်၊ Blog မှာပဲဖြစ်ဖြစ်၊ Google Home Page မှာပဲဖြစ်ဖြစ် တင်ထားရုံနဲ့ သင်ဟာ Google Talk Light Version အဖြစ် ဘယ် Computer မဆို Gtalk Install မလုပ်ဘဲ သုံးနိုင်ပါပြီ။

Links
Google Talk Gadget Home Page

Google Talk Gadget Sample Html Page

အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofwares

ကျနော် အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofware လေးတွေပါ။ Software တွေကို ၀ယ်သုံးဘို့ဆိုတာကတော့ .... ဟီး Money က... :P  (ကိုယ်ကိုတိုင်က Programmer ဆိုတော့လဲ သူများရောင်းဘို့ လုပ်ထားတဲ့ Application တွေကို (တတ်နိုင်သလောက်) ခိုးမသုံးချင်ဘူးလေ... ၀တ်လည်မှာ သေချာကာကိုး... )

  1.  WordWeb Dictionary (Desktop Dictionary)

  2.  Virtual Clone Drive (Virtual CD/DVD Drive, ISO format support)

  3.  Free Easy Burner (CD/DVD Burning Software)

  4.  FileZilla (FTP file upload tools)

  5.  Free Download Manager (Faster File Download, Stop-Resume Support)

  6.  Picasa (Photo management application)