Wednesday, December 25, 2013

မိမိရဲ့ အကောင့်ကိုလုံခြုံစေရန်အချက်(10)ချက်


Online ကိုတက်လာပြီဆိုရင် အနည်းဆုံးတော့ gmail account တစ်ခု ရှိပါ့ မယ်.. အဲဒီ့ account ထဲမှာ အရေးကြီးတာတွေ လည်း ရှိနိုင်ပါတယ်.. အဲ ဒါကြောင့် ကိုယ့်ရဲ့ Account ကို လုံခြုံရေးပေါ့ .. သတိပြုရမယ့် အချက် ကလေးတွေ ကို ကျွန်တော် ပြန်ပြီးတော့ မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ ... ကိုယ့်ရဲ့ account တွေအတွက် လုံခြုံရေး အသိလေးပါ .. ဖတ်ကြည့်စေချင်ပါတယ် ..




၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန် အွန်လိုင်းမှာ တစ် ချို့သော Website တွေက လာရောက် လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင် ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့ တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။ ဥပမာ (http://www.worldwidemyanmar.com/ ဘာကြောင့် Official Site ဖြစ်တာလဲ ? http://www.worldwidemyanmar.com/about တရားဝင်မှတ်ပုံ တင်ထားသော လုပ်ငန်းကုမ္ပဏီဖြစ်ခြင်း ) နောက်တစ်ခုက အများအသိ အမှတ်ပြုထားတဲ့ personal portfolio တွေနဲ့ forums တွေ။ ဒါက အနည်းငယ်သိအောင်အကြမ်းဖြင်းရှင်းပြတာ....


၂) မှန်းဆရခက်သော password ပေးခြင်း တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။ နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။ နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal စသည့်ဖြင့်ပေးကြပါတယ်။ ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။ ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။


၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့ တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါ တယ်။   နောက်တစ်ခုက official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ် system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။


၎) Password ကိုမကြခဏပြောင်းပါ။ ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃ နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။


၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။ အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot လိုနေရာမျိုး မှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online Transaction တွေဆိုရင်လုံးဝ ကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။ အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။ အသုံးပြုပြီးပါက IE ဆိုရင် Tools > Internet Options > Content > AutoComplete. Uncheck option “User names and passwords on forms” and click on “Clear Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင်Clear Recent History or Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့် ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။


၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။ Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။


၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့ ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။


 ၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့် တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။ နောက်တစ်ခု က မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။


ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။ ၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့ ခြေရာကို မလွယ်တကူမ လိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE ဆိုရင် clicking Tools > Internet Options > Delete Cookies and Delete Files ၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက် သတင်းထူး များကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။ Privacy ဆိုတာ အမှန်ကိုအရေးကြီးပါတယ်။


ကျွန်တော်ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ အလကားရတဲ့ မေးလ်၊ အကောင့်သူများသိသွား အရေးမကြီးဘူးလို့မမှတ်နဲ့ ဟက်ကာတွေ ခိုးတာ မိမိတို့ရဲ့ အကောင့်ကိုမဟုတ်ဘူး မိမိတို့ရဲ့ Info ကိုခိုးတာပါ။ ဥပမာအနေနဲ့ပြောရင် ကျွန်တော့်ရဲ့ အီးလ်မေးကိုရရင် မေးလ်တစ်ခု တည်းမဟုတ်ဘူး ၄င်းထဲမှာပါတဲ့ banking/business/domain စသည် အများကြီးပါသွားပါလိမ့်မယ်။ နောက်တစ်ခုက အဆက်အနွယ်ပါ။ ကျွန်တော့် အကောင့်ကိုသိရင် ကျွန်တော်ထိန်းချူပ်ထားတဲ့ Domain နဲ့ Hosting ကိုသိ မယ်။ ကျွန်တော်ရေးတဲ့ ဖိုရမ်ကိုသိမယ် ။


၎င်းမှတစ်ဆင့် ဖိုရမ်၊ domain၊ Hosting မှ အခြားသော member တွေရဲ့ User name နဲ့ password ကိုသိသွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့ လုပ်ထုံးတစ်ခုက အကယ်၍ ဖိုရမ်တစ်ခုဝင်ရင် အဲ့ဖိုရမ်ရဲ့ မိမိအပေါ်မှာ level အနိုပ်အမြင့်ကိုကြည့်ပြီး password ကိုပေးပါတယ်။ ဆိုလိုတာက တစ်ခြား ဖိုရမ်တွေမှာ admin123 လို့ပေးနေကျဖြစ်ရင် admin or mod အနေနဲ့ ၀င်နေတဲ့ ဖိုရမ်၊ Website၊ Hosting တွေဆိုရင် ကျွန်တော် မတူတဲ့ Password ကိုပေးထားတတ်ပါတယ်။ ဒီလိုအကြောင်းတွေကြောင့် ကျွန်တော့်ရဲ့ သက်ဆိုင်သူကိုတောင် ကျွန်တော့် Password မပေးပါဘူး။ မယုံကြည်လို့ မရိုးသားလို့တော့ မဟုတ်ပါဘူး။ မိမိအကောင့်တစ်ခုတည်း မဟုတ်ပါဘူး အခြား မိမိဆက်နွယ်တဲ့သူတွေရဲ့ privacy ဆိုတာ ရှိပါသေးတယ်...

Sunday, December 8, 2013

Google မှာ I'm Feeling Lucky ဆိုတာဘာလဲ?


မြန်မာ ဘာသာ Google ထဲမှာတော့ I'm Feeling Lucky ကို ဥုံဖွလို့ ရေးသား ဖော်ပြ ထားပါတယ်။

ဥုံဖွလို့ဆိုတဲ့ အတိုင်း Google က နေရာတစ်ခုကို ချက်ချင်း ပို့လိုက်ခြင်း ဖြစ် ပါတယ်။ ဥပမာ book လို့ ရိုက်ပြီး I'm Feeling Lucky ( ဥုံဖွ ) ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ ဆိုဒ်က Wikipedia ဖြစ်ပါ တယ်။ အကြောင်း ကတော့ Wikipedia က Search Engine Optimization Ranking မှာ နံပါတ် ၁ ဖြစ်နေ လို့ ဖြစ်ပါ တယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က bookကို ရှာတဲ့ အကြိမ်က ပိုများမယ်။ Link building , back linking ကောင်းမယ် အစရှိသဖြင့်ပေါ့။


SEO ဖြစ်စေမယ့် အချက် ၅ ချက်ကြောင့် Google ရဲ့  အယ်လ်ဂိုရစ်သန်အရ စာလုံး တစ်ခုကို ရှာလိုက်ရင် Wikipedia က ထိပ်ဆုံးကို ရောက်ပြီး ဥုံဖွကို နှိပ်တဲ့အခါ ယင်းဆိုဒ်ကိုသာ တိုက်ရိုက်သွားစေခြင်း ဖြစ်ပါ တယ်။ Google က အဲဒါကို ခပ်လွယ်လွယ်ရှာ၊ အမြန်ရှာ ရှာချင်သူများအတွက် ရည်ရွယ်ပြီးတော့ ထည့် ထားပေး မယ့် Feature ဖြစ်ပါ တယ်။ သိုပေမယ့် တော်ရုံ အသုံးပြုသူ နည်းပါတယ်။ အများစုကတော့ research လုပ်ဖို့အတွက် သုံးဖြစ်ကြလိမ့်မယ်လို့ ယူဆ ရပါတယ်။

ဒီလောက်ဆိုရင် I'm Feeling Lucky ရဲ့  Definition ကို အကြမ်းဖျင်း သိပြီလို့ မျော်လင့်ပါတယ်။

Friday, July 5, 2013

တခြားအပြင်လူများ Fri Request Button မမြင်ရအောင်ဖျောက်နည်း.





 ဒါကတော့ လူတိုင်းလိုလို သိကြမှာပါ .. မသိတဲ့ သူတွေ ရှိသေးလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်...

Facebook Privacy နဲ့ပတ်သက်တဲ့ Instructions တွေ လိုက်ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်...

အခု နည်းလေးပဲ ကျွန်တော် ပြောပြပေးလိုက်ပါမယ်...

အားလုံးပဲ ကျွန်တော့် ကိုပို့စ်တင်ပါလို့ အရမ်းတိုက်တွန်းနေတဲ့ အကိုအစ်မမောင်နှမ များအားလုံးခင်ဗျာ..

အခု ကျွန်တော် (နောင်ခန့်သူ) အင်တာနက် လိုင်း အတက်အကျ ပြဿနာကြီးကို ရင်ဆိုင်နေရပါသဖြင့်..

အရင် ပြောထားတဲ့ ပို့စ်ကောင်းကောင်းလေးတွေ တင်ပေးနိုင်သေးမှာ မဟုတ်လို့ တောင်းပန်ပါတယ်...

ဒီတစ်ပတ်ကျော်သွားရင် ဒီဒုက္ခတွေ ကင်းဝေးသွားမယ်ထင်ပါတယ်...

ကဲကဲ ကျွန်တော် လေကြောရှည်နေပြီ ထင်ပါတယ်... အခုနည်းလေးကို စလိုက်ကြရအောင်ဗျာ...

အောက်မှာ ပုံလေးတွေ နဲ့ ပြပေးထားပါတယ်.... ကြည့် ပါ... မြားထိုးထားတဲ့ နေရာလေးတွေကို Click ပေးပါ..

အောက်က ပုံလေးတွေက တော့ PC သမားများအတွက်ဖြစ်ပါတယ်..


 အပေါ်မှာ ပြပေးထားတဲ့ ပုံအတိုင်း Who can contact me? ရဲ့ ဘေးနားက အောက်စိုက်နေတဲ့ မြားလေးကို

Click ပါ... အောက်က ပုံ လို မြင်ရပါလိမ့်မယ်...




ဒီနေရာရောက်ရင် Everyone ကို Click လိုက်ရင် အောက်ကလို ပေါ်လာပါလိမ့်မယ်...


အဲ့ဒီ့မှာ Friends of Friends ကိုရွေးပေးလိုက်ပါ... ကိုယ် လုံးဝ မသိတဲ့ သူတွေ ကိုယ့်ကို Add လို့ မရတော့ပါဘူး...

Monday, June 24, 2013

Google Talk Gadget

Google Talk Gadget ဆိုတာက သင့် Webpage တစ်ခုခုပေါ်မှာ Google Talk ကို Run လို့ရအောင် လုပ်ပေးနိုင်တဲ့ Script လေးပါ။ အဲဒီ Script လေးကို သင့် Website မှာပဲဖြစ်ဖြစ်၊ Blog မှာပဲဖြစ်ဖြစ်၊ Google Home Page မှာပဲဖြစ်ဖြစ် တင်ထားရုံနဲ့ သင်ဟာ Google Talk Light Version အဖြစ် ဘယ် Computer မဆို Gtalk Install မလုပ်ဘဲ သုံးနိုင်ပါပြီ။

Links
Google Talk Gadget Home Page

Google Talk Gadget Sample Html Page

အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofwares

ကျနော် အကြိုက်ဆုံး Window Vista ကို Support လုပ်တဲ့ Free Sofware လေးတွေပါ။ Software တွေကို ၀ယ်သုံးဘို့ဆိုတာကတော့ .... ဟီး Money က... :P  (ကိုယ်ကိုတိုင်က Programmer ဆိုတော့လဲ သူများရောင်းဘို့ လုပ်ထားတဲ့ Application တွေကို (တတ်နိုင်သလောက်) ခိုးမသုံးချင်ဘူးလေ... ၀တ်လည်မှာ သေချာကာကိုး... )

  1.  WordWeb Dictionary (Desktop Dictionary)

  2.  Virtual Clone Drive (Virtual CD/DVD Drive, ISO format support)

  3.  Free Easy Burner (CD/DVD Burning Software)

  4.  FileZilla (FTP file upload tools)

  5.  Free Download Manager (Faster File Download, Stop-Resume Support)

  6.  Picasa (Photo management application)

Wednesday, June 12, 2013

Windows 7 Personalize ပြဿနာ ဖြေရှင်းခြင်း

ကျွှန်တော်တို့ Windows 7 သုံးတဲ့အခါ အမျိုးအစားတွေ အများကြီးရှိတဲ့ အနက်မှ Windows 7 Starter တို့ Windows 7 Home Basics တို့သုံးကြတဲ့အခါ Dsktop မှာ Right Click ထောက်ကြည့်တဲ့အခါ Personalize မပါလာတာကို တွေ့ရတတ်ပါတယ်။ သာမန်အားဖြင့်ဆို Right Click ထောက်ပြီး မိမိတို့ လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရနိုင်ပါတယ်။ ဥပမာ Folder, Icons တွေမှာ မြန်မာလို Name ပေးထားပြီး မပေါ်ရင် Personalize လေးကိုနှိပ်ပြီး ပြောင်းလေ့ရှိကြပါတယ်။ အခုကျွှန်တော် ဝေမျှချင်တာကတော့ Personalize မပါတဲ့ Windows တွေမှာ Personalize မှာလုပ်လို့ရတဲ့ အရာတွေဖြစ်တဲ့ themes, background, sounds, screen saver, mouse pointer, desktop icons အစရှိတဲ့ အရာတွေကို မိမိစိတ်ကြိုက် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေပါ။ တကယ်လည်း အသုံးလိုမယ်ထင်လို့ မေးတတ်ကြလို့ လုပ်နည်းလေးတွေကို အောက်မှာ တင်ပြလိုက်ပါတယ်။ အားလုံးအဆင်ပြေမှာပါ။

လုပ်နည်းများ 

Change System Sound ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change Sound လို့ရိုက်လိုက်ပါ။ Sound နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ကျလာပါလိမ့်မယ်။ ကျလာတဲ့ အထဲကမှ Change System Sound ကို Click နှိပ်လိုက်ပါ။


 2. Click နှိပ်လို့ ကျလာတဲ့ Sound ဆိုတဲ့ Box လေးထဲကမှ မိမိပြောင်းချင်တဲ့ အသံလေးတွေကို ပြောင်းလို့ရနိုင်ပါတယ်။



Screen Saver ပြောင်းနည်း

ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change screen saver လို့ရိုက်လိုက်ပါ။ ကျလာတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Screen saver ပြောင်းနိုင်ပါတယ်။


 Color Scheme ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ။


2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box လေးထဲကမှ မိမိစိတ်ကြိုက် theme ကို ပြောင်းနိုင်ပါတယ်။



Folder name, Icons မြန်မာလို ပေါ်အောင်ပြောင်းနည်း (သို့) Windows Background ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ။


2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box ထဲကမှ Advance ကိုနှိပ်လိုက်ပါ။





 3. ထပ်ကျလာတဲ့ Windows Color and Appearance ထဲကနေ မိမိစိတ်ကြိုက် ပြောင်းနိုင်ပါတယ်။

 Desktop Icons စိတ်ကြိုက်ထားနည်း


 1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲမှ Show or Hide common icons on the desktop ကို Click လိုက်ပါ။
 

2. ကျလာတဲ့ Desktop Icon Setting ထဲကနေ မိမိစိတ်ကြိုက် Icons လေးတွေ ထားလို့ရပါတယ်။


3. Change Icon ဆိုတာလေးကို Click ပြီးတော့လည်း မိမိစိတ်ကြိုက် ပြောင်းလို့ရပါတယ်။


 Mouse Pointers ပြောင်းနည်း

1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Change how the mouse pointer looks ကို Click နှိပ်လိုက်ပါ။


2. ကျလာတဲ့ Mouse Properties ဆိုတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Mouse Pointer လေးတွေ ပြောင်းနိုင်ပါတယ်။

Windows 7 ကနေ Wifi ပြန်လွှင့်နည်း






ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။win_r
ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
runbox
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
ics
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
ics_properties
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
win_r
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
runbox-cmd
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
settings-up-wifi
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
settings-up-wifi_enter
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
at-ncpa
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork
hostednetwork_started
working
Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
shared
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ics-sharing
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။

၂၄ ဘာသာကိုမြန်မာလိုပြန်နိုင်ပြီ

http://www.myordbok.com

web site မှာ ဘာသာဝင်ပြန်နိုင်ပါတယ်။ အင်္ဂလိပ်ကနေမြန်မာကို အွန်လိုင်းပေါ်မှာ ဘာသာပြန်နိုင်ပါပြီ။
မသိသေးတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါနော်။


english - Myanmar,
hebrew - Myanmar,
greek - Myanmar,  
portuguese - Myanmar,
arabic - Myanmar,
spanish - Myanmar,
norwegian - Myanmar,
swedish - Myanmar,
danish - Myanmar,
german - Myanmar,
russian - Myanmar,
japanese - Myanmar,
chinese - Myanmar,
korean - Myanmar,
malay - Myanmar,
vietnamese - Myanmar,
thai - Myanmar,
hindi - Myanmar,
romanian - Myanmar,
french - Myanmar,
finnish - Myanmar,
filipion - Myanmar,
polish - Myanmar & dutch - Myanmar.

Window 7 Password မေ့နေရင် ပြန်ချိန်းပေးမယ့်နည်း။

Window7 မှာ password မေ့နေလို့မလုပ်တတ်သူများ အောက်ပါနည်းအတိုင်းလုပ်ကြည့်လိုက်ပါ

1. ပထမဆုံး Free Download Windows Password Recovery လေးကိုဒေါင်းလိုက်ပါ။


2.  ဒေါင်းလော့လုပ်ပြီးလို့ အင်စတော လုပ်ပြီးသွားပြီဆိုရင် .... အဲဒိဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။
3CD/DVD အလွတ် ဒါမှမဟုတ် USB flash drive ကို မိမိကွန်ပျူတာနဲ့ ဆက်သွယ်ပေးထားပါ။
4. မိမိက USB flash drive နဲ့လုပ်မယ်ဆိုရင် အောက်ပါပုံအတိုင်း Burn to USB ကိုလုပ်ရ    မှာဖြစ်ပါတယ်။ 

 
ထို့နည်းတူစွာ CD/DVD နဲ့လုပ်မယ်ဆိုရင်တော့ CD/DVD အလွတ်တစ်ချပ်ထည့်ပြီး Burn to CD/DVD 
ကိုလုပ်ပေးရမှာဖြစ်ပါတယ်။ မိမိအဆင်ပြေရာကနေ burn လိုက်ပါ။



5. To set the computer to boot from CD/DVD-ROM, please refer to How to set computer to  boot from CD/DVD-ROM
To set the computer to boot from USB drive, please refer to How to set computer to boot from USB drive.

6. Select Windows 7 system you would like to reset the user password, and then Select a user you want to reset its password. Click 'Reset' button to reset the password. ဒါဆိုရင် window 7 ကို password မလိုပဲနဲ့ဝင်လို့ရသွားပါပြီ။ 


ကွန်ပျူတာတွင် လက်ကွက်ကျင့်မယ်။



ကွန်ပျူတာလက်ကွက်တွေ မြန်လာအောင်လေ့ကျင့်ပေးမယ့်ဆော့ဝဲကောင်းလေးပါ။ installလုပ်ပြီး အိမ်မှာလေ့ကျင့်လိုက်ပါ။ လိုချင်ရင်ဒီမှာဒေါင်းလော့ယူပါ။

http://downloads.ziddu.com/downloadfiles/2163841/TypingGamePortablewww.zwmnna.c om.rar

facebook မှာတင်ထားတဲ့ video တွေကို ဒေါင်းလော့ယူချင်သူတွေအတွက်



                                                     
                                                  

ကွန်ပြူတာ Speed မြှင့်ရအောင်


          ကျွန်တော်တို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဲနဲဖြစ်ဖြစ် ပိုမြန်သွားအောင် Speed မြှင့်ကြည့်ရအောင်ဗျာ။ ဒီအတိုင်း ထိုင်နေမဲ့အစား မိမိစက်လေး အနည်းငယ် ပိုမြန်လာတယ်ဆိုရင်ပဲ အရှုံးမရှိနိုင်ပါဘူး။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွား လိုက်ပါ။ စလိုက်ရအောင်။


  Start မှ Run (သို့) Winkey+R ကိုနှိပ်ပါ။  prefetch လို့ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်လိုက်ပါ။ Folder ထဲက တွေသမျှ  File အားလုံးကို ဖျတ်လိုက်(delete) ပါ။ ပြီးရင် Run box ပြန်ခေါ်ပြီး Regedit ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Registry Editor box ထဲကဘယ်ဖက်ခြမ်းမှာ HKEY_CURRENT USER > Control Panel > Desktop ကိုကလစ်လိုက်ပါ။ ညာဖက်အခြမ်းမှာ MenuShowDelay ကို Double Click (မပါတဲ့ မောက် ဆိုရင် Right click > Modify)လိုက်ပါ။ ပေးလာတဲ့ box ထဲကတန်ဖိုး 400 ကို 0 ပြောင်းပေးပြီးပိတ်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ မြန်လာပါလိမ်မယ်။

မြန်မာစာအုပ်များ

မြန်မာစာအုပ်ပေါင်းများစွာဖတ်ရှုလေ့လာနိုင်ပါသည်။





https://www.facebook.com/pages/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/532587203419984?sk=photos_albums


Nero Burning ROM 12.5.01900 Full Crack

အခွေတွေ ဘမ်းတဲ့နေရာမှာ ဆရာကြီးတစ်ပါးလို့ဆိုရမယ့်..Nero ပါ။ သုံးရတာက ရိုးရှင်းသလို လွယ်ကူတဲ့အတွက် လူကြိုက်များပါတယ်။ Update အသစ်ထွက်လို့ တင်ပေးလိုက်တာပါ။ Size ကတော့ 100MB ရှိပါတယ်။ ကျွန်တော် သုံးလင့်ခ်တောင် တင်ပေးထားပါတယ်။ ကြိုက်တဲ့လင့်ခ် ကနေ download လိုက်ပါ။



Download From Zippy ->http://goo.gl/Z3kMw

Download From Cyber ->http://goo.gl/J8Bzr

Download From Solid ->http://goo.gl/3cpfW




Sunday, June 9, 2013

USB မှ Window တင်နည်း & Window 7 / 8 ISO Images Files များ



 အရင်ဆုံး Window 8 ဖြစ်ဖြစ် Window 7 ဖြစ်ဖြစ်ကိယ်တင်ချင်တဲ့ ISO images ဖိုင်ကို ဇွဲကောင်းကောင်းနဲ့ ဒေါင်းယူထားဖို့လိုပါတယ်။ (အားလုံး 2GB , 3GB အထက်မှာချည်းပါပဲ)ပြီးရင် 4GB ပမာဏ နဲ့ အထက် (8GB ဆိုရင်ပိုကောင်းတာပေါ့ဗျာ) ရှိတဲ့ USB တစ်ချောင်းလိုပါတယ်။

 ISO images တွေ မရှိသေးလို့ဒေါင်းယူချင်တယ်ဆိုရင် အာက်မှာဒေါင်းယူနိုင်ပါတယ်။ (တချို့ Download လုပ်နည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ ဒေါင်းမရဘူးချည်းဘဲ ပြောနေလို့ Download လုပ်နည်းလေးပါ တခါထဲ ဖေါ်ပြပေးလိုက်တယ်။)
ဒေါင်းနည်းကတော့ ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့  Download ဆိုတဲ့ Link လေးကို နှိပ်လိုက်ပါ။ New Tab  အနေနဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ် .... 5 စက္ကန့်လေးကိုသည်း ခံပြီး စောင့်ပေးလိုက်ပါ။ ပြီးရင် အောက်ကပုံလေးအတိုင်း  SKIP AD ဆိုတာလေးကို နှိပ်လိုက် ပါ အေးဆေး ဒေါင်းယူနိုင်ပါပြီ....:)
ဒါက Window 8 ISO images ဖိုင် 64bit / 32bit ပါ။ အောက်က သူ့ရဲ့ Serial Key တွေပါ။)
English
64-bit (x64)  Download   (3.3 GB)  Sha 1 hash —  
1288519C5035BCAC83CBFA23A33038CCF5522749

32-bit (x86)  Download (2.5 GB) Sha 1 hash —   
E91ED665B01A46F4344C36D9D88C8BF78E9A1B39
 
ဒါလေးတွေကတော့ Window 7 ISO images ဖိုင်လ်တွေပါ။ ကြိုက်တာရွေးယူနိုင်ပါတယ်။ 




LATEST UPDATE 22nd AUGUST 2011
Windows 7 Ultimate SP1-U ISO
English x86: X17-59463.iso
English x64: X17-59465.iso


Windows 7 Professional SP1-U ISO
English x86: X17-59183.iso
English x64: X17-59186.iso


Windows 7 Home Premium SP1-U ISO
English x86: X17-58996.iso
English x64: X17-58997.iso
ဒါလေးတွေကတော့ 2010 Version တွေပါ။


UPDATED 30th April 2010

Windows 7 Professional x64 (64-bit)

English: Download
Windows 7 Professional x86 (32-bit)
English: Download
Windows 7 Home Premium x64 (64-bit)
English: Download
Windows 7 Home Premium x86 (32-bit)
English: Download
Windows 7 Enterprise [English 60 Days Trial]
32-bit (x86): 7600.16385.090713-1255_x86fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENEVAL_EN_DVD.iso

64-bit (x64): 7600.16385.090713-1255_x64fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENXEVAL_EN_DVD.iso

Windows 7 Ultimate x64 (64-bit)
[Unofficial] English: Download

Windows 7 Ultimate x86 (32-bit)
[Unofficial] English: Download

Windows 7 N Version Direct Download Links 
[Windows 7 N English for Europe - No Windows Media Player (WMP12)]

Windows 7 Home Premium N x86 (32-bit): Download
Windows 7 Home Premium N x64 (64-bit): Download
Windows 7 Professional N x86 (32-bit): Download
Windows 7 Professional N x64 (64-bit): Download
 
In today’s time , it’s not difficult to install Windows from pen – drive or another USB Flash drives. In fact , Microsoft itself provides a software to make a pen drive that can boot your computer and install Windows 8. 
စိတ်ကြိုက် ဒေါင်းယူပြီးပြီဆိုရင်တော့ ဒီ Windows 7 USB/DVD Tool ကို ဒေါင်းယူလိုက်ပါ USB ကို ကွန်ပြူတာမှာ တပ်ပြီး ကျန်တာတွေကိုတော့ အောက်က ပုံလေးတွေ အတိုင်းလုပ်ဆောင်သွားလိုက်ပါ။

Steps:
1. 
Click Here To Download Windows 7 USB/DVD Tool
1_thumb%25255B4%25255D

Browse ကိုနှိပ်ပြီး စောစောက ဒေါင်းထားတဲ့ ISO ဖိုင်လ်ကိုရွေးပေးပါ..။

2. Choose your ISO file for Windows 8 like in above screenshot. To download Windows 8
2_thumb

3. Choose USB device to install windows 8 from USB drive.

ဒီနေရာမှာ မိမိ ရဲ့ USB Drive ကို ရွေးပေးပါ
3_thumb

4. Select your USB device from the drop-down list. And hit Begin Copying.
ဒီအဆင့်မှာ USB ကို Format ရိုက်မှာပါ..
 (USB ထဲကအရေးကြီးတဲ့ Data တွေရှိရင် အခြားတစ၀်နေရာမှာအရင်ဆုံးရွေ့ထားပေးပါ)  
4_thumb

5. Press next to format you USB device and copy Windows 8 files.
5_thumb

6. After this application will copy windows files to your pen drive.
7. After Process completes , restart your computer and boot your computer with USB device and install Windows 8 Preview.

  အပေါ်က အဆင့်တွေအတိုင်း လုပ်ပြီးပြီ  ဆိုရင် USB ကို ကွန်ပြူတာမှာ တပ်ပါ  Restart ချပါ  Window  ပြန် တတ်တတ်လာချင်း Boot menu ကိုဝင်ဖို့ F2 (or) Dle ကိုနှိပ်ပါ (Boot Menu ကို ဝင်ဖို့ နှိပ်ရမဲ့ Key တွေက ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံး မတူနိုင်ပါဘူး) Acer Window 7 မှာတော့ F2 ကိုနှိပ်ပြီး  Boot menu ကို ဝင်ရပါတယ်)

Boot menu က Boot tab မှာ  first boot device ကို USB ကို ရွေးပြီး F10 နဲ့ Save and Chang ကိုနှိပ်ပေးလိုက်ပါ...။

Window ပြန်တတ်လာရင် USB နဲ့ Window တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Sunday, June 2, 2013

English-Myanmar, Myanmar-English Dictionary



သူငယ်ချင်းများရဲ့ တောင်းဆိုချက်အရ အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် Dictionary များကိုပြန်လည်၍ ရှာဖွေစုစည်း တင်ပေးထားပါတယ်....။ အင်္ဂလိပ်စာ လေ့လာနေသူများအတွက် အသုံးတည့်မယ်လို့ ...။ မိမိနဲ့ အသုံးတည့်မည့် Dictionary ကိုဒေါင်းလုပ်ရယူရန်အတွက် Dictionary ကို သုံးမျိုးတင်ပေးထားပါတယ် မိမိနှစ်သက်ရာကို ဒေါင်းလုပ်ရယူ အသုံးပြုနိုင်ပါတယ်...။
အောက်ပါလင့်ခ်များတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဒေါင်းလုပ်ရယူရန် လင့်ခ်များ....

English to Myanmar, Myanmar to English

English to Myanmar

English to Myanmar