Saturday, May 25, 2013

ကွန်ပျုတာဖွင့်တာနဲ့ သီချင်းသံ ကြားချင်ရင်




computer လေး စဖွင့်တာနဲ့ သီးချင်းလေး နားထောင်ပြီး အလုပ်လုပ်တတ်တယ်ဆိုရင် အကြံပေးချင်ပါတယ်။ လုပ်လို့ရတဲ့နည်းကတော့ အများကြီးရှိမှာပါ ။လုပ်မယ်နည်းလေးကတော့.....jetaudio ကို ဖွင့်မယ်။ ပြီးရင်...Ctrl + T or PLAYLIST ကို click လုပ်ပါမယ်။jetAudio Playlist box ပေါ်လာပါမည်။ Playlist ထဲကို မိမိ ကြိုက်တဲ့သီချင်းလေးတွေ ရွေးထဲမယ်ဗျာ....

အမြဲတမ်း နားထောင်တတ်တဲ့ သီချင်းလေးတွေပေါ့။ရွေးပြီးသွားရင် playlist ပေါ်မှာ right click နှိပ်လိုက်ပါ ။Export ကို click နှိပ်ပါ။
file ကိုပြန်ရှာရလွယ်အောင် save in မှာ Desktop ကိုရွေးပါမယ်။File name ကိုမိမိ ကြိုက်နှစ်သက်ရာပေးမယ်.. save ကို click နှိပ်မယ်။ဒါဆိုရင် Desktop ပေါ်မှာ မိမိ ပေးလိုက်တဲ့ file name နဲ့တွေပါလိမ့်မယ်..
... အဲဒိ file ကို copy ကူးပါ။start ---> All Program -->Startup ကို right click ---> open နှိပ်ပါ။ပေါ်လာသော startup folder ထဲသို့ ခုနက file ကို past ပေးလိုက်ပါ။ ဒါဆိုရင် computer ဖွင့်လိုက်တာနဲ့ သီချင်းက ဖွင်စရာ မလိုတော့ပါဘူး ...အားလုံး အဆင်ပြေပါစေဗျာ...

0 comments:

Post a Comment