Sunday, May 26, 2013

Facebook တွင် လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် - (၇) ချက်

Facebook တွင်လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။ 

 

 

ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို အသေအချာ ဖတ်ရှုပါ။

 
၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။ ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင်   တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့် ပြီးဖြစ် သည်။ သို့သော်သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင် တခြားလူတွေ က သင့်ရဲ့ အချက်အလက်တွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဖေ့ဘုတ်လ်အကောင့်အတွက် အ လွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ သင်ကိုယ်သင်ကာ ကွယ်ရန် click Account > Privacy settings > Profile information ဆီသွားပါ။ Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။ အဲဒီနာက်မှာ Privacy > Contact information ကို ပြန်သွားပါ။ သင့် privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံး ကို ပြင်ဆင် ပါ။

၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။ တစိမ်းတရံလူများရဲ့ သင့်စာမျက်နှာကို ဆက်သွယ် လာမှုကို တားဆီးရန် Account > Privacy settings > Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက်
‘Only friends’  ဆိုတဲ့ ကို ရွေးချယ်ပါ။

 
၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့ ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါ နဲ့။ သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့ကောက်ကြောင်းပုံတွေ ကို ကြေငြာ၊ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဆက်သွယ်လာမှာဖစ်ပါတယ်။ သူတို့က သူတို့ရဲ့ကြေငြာတွေမှာ သင့်အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။ ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account >Privacy > Settings > Applications and websites ကို ကလစ် ပါ။ နောက်တဖန် ‘Instact Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင် ရဲ့ အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ်ထားတာမှာ ရှိတဲ့အတွက် အသေအချာပြုလုပ်ပါ။ ဘယ်ကြေငြာ မှာမှသင့် အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင် ရမှာက Account > Account Settings > Facebook Adaverts ဆီသွားပါ။ ‘no one’ on ‘Allow ads on platform pages to show my information to’ နှင့် ‘Show my social actions in Facebook ads to’ တခုကိုရွေးချယ်ပါ။

 

၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာလုပ်ပါ။ အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်ကထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။ အဲဒီ feature အသစ်က သင့် အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။ Account > Account settings > Account security သို့ သွားပါ။ ‘Would you like to receive notifications for logins from new devices’ ကို ကလစ်ပေးပြီး နောက်မှာအောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။ အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကို မေးနေပါလိမ့်မယ်။ အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီပို့ပါ လိမ့်မယ်။ အခုချိန်မှာတော့ သင်မသုံးတဲ့ device မှ သင့်အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ် ဆိုရင် အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံရရှိပါလိမ့်မယ်ထိုပုံစံမျိုး ဖြစ်ပေါ်လာမယ်ဆိုရင်သင့် အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကို ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့Help Centre ကို အကြောင်းအကြားပါ။

၅။ သင့်ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။ ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ် တယ်ဆိုတဲ့အကြောင်းအရာတွေကို ခိုးယူသူတွေအတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့်ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့ မွေးရက်သက္ကရာဇ်အပြည့်အစုံ ထည့်သွားပြီးခဲ့လျှင် ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information” လုပ်ပါ။ အခြေခံ အကြောင်းအရာအချက်လက်အောက်မှာ မွေးသက္ကရာဇ်တွင် လ သို့မဟုတ် ရက် ကိုသာဖော်ပြပါ။ အပြည့်အ စုံ မဖော်ပြပါနဲ့။

၆။ သင်သူငယ်ချင်များမှ သင့်ကိုယ်သင် ကာကွယ်ပါ။ သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကိုအသုံပြုလာသောအခါ သူတို့သည် third parties မျာနှင့် သင့်အချက်လက်များကို မတော်တဆ အသုံး    ပြုလာနိုင်တယ်ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and websites > What your friends can share about you သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး save ပြန် လုပ်ပါ။

၇။ သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာမထားပါနဲ့။ ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန် အသေအချာလုပ်ပါ။

0 comments:

Post a Comment